“လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လေယာဥ်ဆီ ဖြတ်တောက်စို့” ဆိုတဲ့ လေယာဥ်ဆီ တင်ပို့မှုကို အမြန်ပိတ်ပင်တားဆီးရေးကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်မှ တောင်းဆို လှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
တောင်းဆိုလှုပ်ရှားမှုကို မတ် ၁၉ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့ပြီး လှုပ်ရှားသူများက အကြမ်းဖက်စစ်တပ် ကိုလေယာဉ်ဆီ မတင်ပို့ပါက တိုက်လေယာဉ်တွေ မပျံသန်းနိုင်သလို ပြည်သူတွေကို ဗုံးကြဲလို့လည်း မရတော့တဲ့အတွက် လေယာဉ်ဆီ မရောင်းချရေးကို တောင်းဆိုတာဖြစ်တယ်လို့ အသိပေးထား ပါတယ်။