လတ်တလောဖြစ်ပွါးနေသော လာက်ကိုင်မြို့တိုက်ပွဲတွင်စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ပြည်သူ စစ်အင်အား စုစုပေါင်း ရာနှင့်ချီလက်နက်ချ အလင်းဝင်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ နှင့် နီးစပ်သူများထံမှ သတင်း ရရှိသည်။
ညီနောင် ၃ဖွဲ့မှ လောက်ကိုင်မြို့အား ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ချိန်တွင် စစ်ကူလိုက်လာသော တပ်မ ၅၅ လက်အောက်ခံ စစ်ကောင်စီစစ်သားများနှင့် ပြည်သူ့စစ်အဖွဲ့များ လက်နက်ချအလင်းဝင်ခြင်းဖြစ်သည်။
ထိုကဲ့သို့လက်နက်ချအလင်းဝင်သူများလာသည့်အတွက် လောက်ကိုင်မြို့တွင်စစ်ကောင်စီတပ်စခန်း တခုသာ ကျန်ရှိပြီး မကြာခင်ညီနောက် ၃ ဖွဲ့မှ လောက်ကိုင်မြို့အားသိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူအချို့က မှတ်ချက်ပြုကြသည်။