တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ဆေးဘက်ဆိုင်ရာအဖွဲ့က ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
လောင်းလုံးမြို့နယ်အတွင်း ၂၀၂၃ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီအထိ ၃လအတွင်း ပြည်သူတွေနဲ့ ပြည်သူ့ရဲဘော် ၂၃၂၇ဦးထိ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။