တနင်္သာရီတိုင်း ၊လောင်းလုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများအား မြို့နယ် ပကဖ ကျန်းမာရေးတာဝန်ခံ၊ တွဲဖက် တာဝန်ခံ နဲ့ ရပ်ကျေး ပအဖ ကျန်းမာရေးတာဝန်ခံများရဲ့ ဦးဆောင်မှုဖြင့် ကွင်းဆင်းကုသပေး နေတယ်လို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
မြို့နယ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအဖြစ် နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်မှစတင်ကာ ဇန်နဝါရီ ၂၀၂၄ ခုနှစ်အထိ ၃ လတာ ကာလအတွင်း ကျေးရွာများသို့ ကွင်းဆင်းကုသမှု ၉ ကြိမ် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျေးရွာများသို့ကွင်းဆင်းကုသရာတွင် ပြည်သူ ကျား ၃၉၂ ဦး ၊မ ၃၄၇ ဦးအား ကျန်းမာရေး ဝန်ဆောင်မှုပေးအပ်ခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။