တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီ (ဦးပိုင်) ထုတ်ကုန်တွကို ရောင်းဝယ် သုံးစွဲခြင်း ရှိ ၊မရှိ လိုက်လံ စစ် ဆေး သွားမှာဖြစ်ပြီး တွေ့ရှိပါက သိမ်းဆည်းမယ် လို့ တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ ပူး ပေါင်းပြီး မနေ့က ထုတ်ပြန်ပါတယ်။
တော်လှန်ရေး ပူးပေါင်းအဖွဲ့က အချိန်မရွေး စစ်ဆေးဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေကလည်း ကြည်ဖြူစွာ စစ်ဆေး ခံကြဖို့ နဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး အဖြစ် သပိတ်မှောက် ထားတဲ့ ရန်သူစစ်အုပ်စုရဲ့ ထုတ်ကုန် ပစ္စည်းများ တွေ့ရှိပါက သိမ်းဆည်း အရေးယူမယ်လို့ အသိပေးပါတယ်။
မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ချက်တွေကို တော်လှန် ရေး ပူးပေါင်းအဖွဲ့တို့က အရှိန်မြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့၊ လောင်းလုံ ပကဖ တို့က ပူးတွဲ ကြေညာချက် နဲ့ ထုတ်ပြန်အသိပေးတာပါ။
ဒါ့အပြင် မြို့နယ်အတွင်း လှုပ်ရှားသွားလာနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ၊ ခရီးသွားပြည်သူများက နယ်မြေ လုံခြုံရေး ဆောင်ရွက်ချက် အပေါ် ပူးပေါင်းပါဝင်ပေးပါလို့ မေတ္တာရပ်ခံ တင်ပြ ထားပါ တယ်။