ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လူသားများ၏ အခြေခံအခွင့်အရေးများကို အလေးထားကြရန်နှင့် လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြရန် တပ်လှန့်လှုံ့ဆော်သည့်အနေနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဲဒီလှုပ်ရှားမှုကို “ငါတို့ အခွင့်အရေး ငါတို့အနာဂတ်၊ အာဏာရှင်ဟူသမျှ အဆုံးသတ်” ခေါင်းစဥ်နဲ့ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ အမျိုးသမီး၊ လူငယ်များ အပါအဝင် ပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်မှုနှင့်အတူ လုပ်ဆောင်ခဲ့ကြသည်။