ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က ဦးဆောင်၍ ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့တွင် လူထုသပိတ်လှုပ်ရှား ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုကို ‘ပြည်ထောင်စုသို့သွားရာ တစ်ခုတည်းသော တံတားတစ်စင်းဟာ တော်လှန်ရေးဖြစ်တယ်’ဆိုသည့် ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဒေသအမျိုးသမီး လူငယ်များအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ချီတက်လှုပ်ရှားခဲ့ကြသည်။