တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ရဲမှ ပြန်လာသည့် စမ်းလှမ်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရဲစခန်းမှ နေအိမ်ကို ပြန်လာသည့် စမ်းလှမ်းရွာ အုပ်ချုပ်ရေးမှူး စံရွှေကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွာသော စံရွှေ သည် စစ်တပ်ခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ကာဘိုင်သေနတ် ကိုင်ဆောင်ထားကာ ပျူစောထီး အဖွဲ့ဝင် ၁ ဦးလည်းဖြစ်ကြောင်း၊ စက်လှေများထံမှ လစဥ်စစ်ကြေး တောင်းခံ၍ စစ်တပ်ကို နောက်ကွယ်မှ ကူညီပံ့ပိုးနေသူဖြစ်ကြောင်း သိရရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Guerrilla Dawei နှင့် Dawei Defense Team – DDT အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်တပ်နှင့် ပူးပေါင်းခြင်းမပြုရန် သတိပေးစာပေးပို့ခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့်သက်ဆိုင်ခြင်းမရှိကြောင်း DDTတပ်ခွဲ ၃ နှင့်ထားဝယ် UG အဖွဲ့တို့က ထုတ်ပြန်ထားသည်။