လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတန်း ကိုင်ဆောင်ပြီး စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။