လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့၌ စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ဘဏ္ဍာရေးစစ်မျက်” လှုပ်ရှားမှုရဲ့ ဒုတိယခြေလှမ်းအနေဖြင့် ရွေးချယ်ထားသည့် စစ်တပ်ပိုင် ကုန်ပစ္စည်းတချို့နဲ့ ဝန်ဆောင်မှုလုပ်ငန်း ၈ မျိုးမှာ
၁။ အောင်ဘာလေ ထီ
၂။ နန်းမြိုင် တံဆိပ် ကော်ဖီမျိုးစုံ
၃။ ရွှေဖီဦး တံဆိပ် အသင့်ဖျော် လက်ဘက်ရည်၊ လီမွန်တီး
၄။ ရွှေမန်းသူ အမြန်ကားလိုင်း
၅။ ရွှေမြိုင်သူ အမြန်ကားလိုင်း
၆။ ပုသိမ်သူ အမြန်ကားလိုင်း
၇။ သန်မြန်သူ အမြန်ကားလိုင်း
၈။ ရှမ်းမလေး အမြန်ကားလိုင်းတို့ ဖြစ်ကြောင်း သိရသည်။