လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ကာ အကြမ်းဖက်စစ်တပ်ကို လေယာဥ်ဆီ ရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဒေသပြည်သူလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး “USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar” စာတန်းများ ကိုင်ဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။