ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ သင်္ကြန်အကြိုနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိ ရသည်။
အဆိုပါလှုပ်ရှားမှုတွင် ဒေသပြည်သူ အမြောက်အမြား ပူးပေါင်းပါဝင်မှုနှင့်အတူ “အမှောင်သင်္ကြန်မှာ တို့တတွေ၊ အာဏာရှင်စနစ်ကို မှောက်ပစ်မလေ” စာသားများကိုင်ဆောင်ပြီး ချီတက်ခဲ့ကြကာ သင်္ကြန်သံချပ်များဖြင့်လည်း ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။