လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး” လူထုအကြပ်အတည်း အရင်းခံ စစ်အာဏာရှင်စနစ် အမြစ်လှန်” ခေါင်းစဥ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ယနေ့ ဧပြီလ ၂၅ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီး လူငယ်များနှင့် ဒေသပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် အတူ ချီတက်ခဲ့ကြကြောင်း သိရှိရသည်။