ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီးတော့ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှာက်” ဆိုတဲ့ စာသားအပြင် အလံတွေကိုပါ ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေးဟစ်ကြွေးမှုတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့ ကြားထဲကပဲ တော်လှန်ပြည်သူတွေက အကြမ်းဖက် စစ်တပ်ကျရှုံးရေး ဆန္ဒပြပွဲကို နေ့စဉ်ပြုလုပ်နေကြတာပါ။