ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာစျေးတစ်စျေးတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ၊ လူထုစည်းရုံးရေးဆပ်ကော်မတီက လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု သွားရောက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းစစ်တပ်အနေနှင့် မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရအရေးနှိမ့်နေချိန် ပြည်သူများက လူထုတိုက်ပွဲများတွင် ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို နိုင်ငံရေးအရ အပြင်းအထန်ထိုးနှက်တိုက်ခိုက်ကြရန်နှင့် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် စည်းရုံးဟောပြောခဲ့ကြောင်း သိရှိရသည်။
ထို့ပြင်’ဖက်ဆစ်စစ်တပ် အလိုမရှိ၊ စစ်မှုထမ်းဥပဒေ အလိုမရှိ၊ ပြည်သူချင်းသတ်ခိုင်းတဲ့ အကြံယုတ် အလိုမရှိ၊ ဖိရင်ကြွ ထိရင်ချ တဦးကောင်းနဲ့ မရ၊ လူထုနည်းနဲ့ ဆန့်ကျင်ကြ’ဆိုသည့် စာသားပါ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။