ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး အမျိုးသမီး၊ လူငယ်နဲ့ ဒေသခံ ပြည်သူအများအပြား ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။