ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး ဒီနေ့နေ့လယ်ပိုင်းက လောင်းလုံးမြိုနယ်အတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ သပိတ်လှုပ်ရှားမှုကို စစ်ကောင်စီမှ ပြုလုပ်ဖိုကြံရွယ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ဘန်နာကိုကိုင်စွဲပြီး အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ အလုပ်သမား၊ လယ်သမားအများအပြား ပူးပေါင်းပါဝင်ခဲ့ကြတယ်လိုသိရပါတယ်။