လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ရေကြောင်းဖြင့် စစ်အင်အားအများအပြား ရောက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့(အောင်တိုဘာ ၄) ညနေ ၅ နာရီ ခန့်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့် သည်ရေကြောင်းမှ လှေ ၃ စီးဖြင့် ကျောက်နီမော်ရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“မနေ့မနက်က ပစ်ခတ်မှုမှာတောင် စကစ သွေးတိုးတက်သူက တက်နေကြပြီ အခုလည်း လူတွေဘယ်သွားရ ဘယ်လာရမှန်းမသိဘဲ ဖြစ်နေကြတယ်”ဟု ၎င်းကပြောသည်။
ယမန်နေ့ မနက်ပိုင်းတွင် PDF တပ်ဖွဲ့တစ်ဖွဲ့က ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၄ရက် ၃ နာရီ ဝန်းကျင်ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အမည်မသိအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို PDF အဖွဲ့က ဖမ်းဆီးသွား သည်ဟု ဒေသခံများ၏ အဆိုအရသိရသည်။
ဒေသခံအချို့မှာမူ အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်လာနိုင်သည့်အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်း နေကြကြောင်း သိရသည်။