တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၆ နှစ် အရွယ် မယဥ်မာနွေး သေဆုံးခဲ့ကြောင်းDawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၆ နှစ်အရွယ် မယဥ်မာနွေး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နခံတောကျေးရွာဘက်တွင် ယနေ့ နံနက် အစောပိုင်တွင် စစ်ကား ၄ စီးခန့်ဖြင့် အင်အားအလုံးအရင်း ဝင်ရောက်လာကာ နခံတောကျေးရွာ တောင်ပေါ်မှ နေ၍ လက်နက်ကြီးများဖြင့် အချက်ရေ အများအပြား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် နခံတောရွာနှင့် ခမောင်းတောင်ရွာရှိ ဒေသပြည်သူ အချို့ကို အကြမ်းဖက် စစ်တပ်က ဓားစားခံဖြင့် ဖမ်းဆီးပြီး ရွှေ၊ ငွေနှင့် တန်ဖိုးကြီးပစ္စည်းများကို ခိုးယူကာ နခံတောရွာတောင်ပေါ်၌ ယာယီစခန်းချထားပြီး၊ ဖမ်းခံရသူများထဲမှ အသက်ကြီးရွယ်အိုများ ပါဝင်ပြီး ကျန်းမာရေးအခြေနေ စိုးရိမ်ရကြောင်း သိရှိရသည်။