ထားဝယ်-လောင်းလုံး ကားလမ်းပေါ်က အင်းဝန်းတံတားမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတချိုကို စစ်ဆေးပြီး ဖမ်းဆီးသွားတယ်လို ဒေသခံတွေကပြောပါတယ်။
ဒီကနေ့မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ကား ၃ စီး၊ အင်အား ၂၀ လောက်နဲ့ အင်းဝန်းရွာတံတားကို ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးခဲ့တာပါ။ စစ်ဆေးချိန်မှာ လမ်းသွားလမ်းလာတွေရဲ့ဖုန်းတွေကိုလည်း စစ်တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးနေချိန် မင်းရပ်ရွာက ရေခဲကားတစ်စီးကိုတားဆီးပြီး ယာဥ်မောင်းနဲ့ ကားနောက်လိုက်နှစ်ဦး လက်ပြန်ကြိုးတုပ်ကာဖမ်းဆီးသွားတယ်လို ဒေသခံတစ်ဦးက ပြောပါတယ်။
“ကားရော၊ လူပါဖမ်းသွားတာ။ ထားဝယ်မြိုပေါ်ကို ရေခဲတက်ဝယ်တဲ့ကားလို ကြားတယ်။ ကားပေါ်မှာ ရေခဲခွဲတဲ့လွှတွေကို မြင်ပြီး ဖမ်းတာလိုထင်တယ်” လို ဒေသခံကပြောပါတယ်။
နောက်ထပ်ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်တယ်လို ဒေသခံက ခန့်မှန်းပြောဆိုပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးကိုတော့ ဘယ်ကိုခေါ်သွားတယ်ဆိုတာကို မသိရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေကတော့ ၁၀ နာရီလောက်အထိ အဲဒီနေရာမှာ စစ်ဆေးတာတွေပြုလုပ်နေတယ်လို သိရပါတယ်။
လောင်းလုံးမြိုပေါ်နဲ့ မြိုနယ်အတွင်းမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို နေ့တိုင်းနီးပါး တားဆီးစစ်ဆေးတာတွေပြုလုပ်နေပါတယ်။
အခုမနက်ပိုင်းမှာပဲ လောင်းလုံးမြိုပေါ်က ညောင်ပင်လမ်းဆုံမှာလည်း လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်သားနဲ့ရဲတွေ စစ်ဆေးတာတွေလုပ်ဆောင်နေပါတယ်။