တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့ထံကို စစ်ရေးအသုံးစရိတ်အတွက် ငွေကျပ် ၁၀ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ လောင်းလုံ ပအဖ ထံမှ သိရပါတယ်။
ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေတဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့အား ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ငွေကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ လောင်းလုံ ပအဖမှ အသိပေးထားပါတယ်။