ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့ရှိ ကျေးလတ်နေဒေသခံများအား စစ်ကောင်စီတပ်က တောင်ပေါ်တက်သည့်အခါ အစားစာယူခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
တောင်ခြေတွင်နေထိုင်သည့် ဒေသခံများကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လကုန်ပတ်ကစတင်ပြီး တောင်တက်အလုပ်လုပ်သည့်အခါ အစားစာယူဆောင်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
” ပိတ်လိုက်တာက အကြောင်းပြချက်မရှိဘူး၊ မေးလို့လည်းမရဘူး။ သူတို့ထင်တာ PDF တွေက ဒေသခံတွေက ထောက်ပံ့ပေးနေတယ်လို့ထင်တာကြောင့်နေမယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
တောင်ပေါ်သို့ အစားစာယူဆောင်ခွင့်အပြင် တောင်ပေါ်တွင် ယာယီတဲထိုးနေထိုင်ခွင့်ပါ စစ်ကောင်စီတပ်က ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်က လေးမျက်နှာမြို့ရှိ တောင်ခြေက ကျေးရွာများတွင် လှည့်လည်တပ်စွဲပြီး တောင်ပေါ်သို့ စစ်ကြောင်းထိုးရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။