ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ ( SSPP/SSA ) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း SSPP က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က စတင်ပြီး SSPP/SSA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် လဲချားမြို့နယ်၊ ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက် ကျေး ရွာအနီးရှိ SSPP/SSA တပ်စခန်းကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက အင်အား ၇၀ ဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင်းအထန် နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၇ နာရီခွဲခန့်၌လည်း ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) ဘက် မှ လဲချားမြို့နယ်၊ မန်ဆေအုပ်စု ၊ မက်လန်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၇၃ တပ်စခန်းကို ပြန်လည် ခုခံစစ်ဆင်နွှဲခဲ့ရာ နှစ်ဖက်တိုက်ပွဲပိုမိုပြင်းထန်နေကြောင်း SSPP/SSA တပ်ဖွဲ့ထံမှ သိရှိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နှင့် ၅ နေ့ကလည်း အကြမ်းဖက် စစ်တပ်မှ မန်ကျန်ကျေးမှ နေ၍ ရှမ်းပြည်တိုး တက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) တပ်စခန်း ရှိရာဘက်ကို လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ရန်စပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) ရဲ့တပ်စခန်း ၁၀ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြိမ်ကြိမ် ဆုတ်ခွာခိုင်းခဲ့ဖူးပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) အနေဖြင့်လည်း ဌာနချုပ် လုံခြုံရေးအတွက်ကြောင့် မည် သည့်အကြောင်းပြချက်နှင့်မှ တပ်ဆုတ် မပေးနိုင်ဟုဆိုကာ အကြောင်းပြန်ထားကြောင်း သိရသည်။