အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်တာ ၃ နှစ်ပြည့် အဖြစ် CDM သူရဲကောင်းတွေ နဲ့ တွေ့ဆုံတဲ့ အခမ်းအနားပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်ခဲ့တာ ၃ နှစ်ပြည့်မြောက်ခဲ့ပြီတယ်ဆိုတာနဲ့ ၃ နှစ်ပြည့်အဖြစ်နဲ့ CDMers တွေနဲ့ ဇွန် ၂၁ ရက်မှာ Zoom ကနေ တွေ့ဆုံမှာဖြစ်ပါတယ်။
တွေ့ဆုံမယ် Zoom link နဲ့ အချိန်ကို သက်ဆိုင်ရာ Focal တွေထံမှာ ဖြစ်စေ ၊ ဝန်ကြီးဌာနရဲ့ ပေ့ချက် ကနေ ဖြစ်စေ ဆက်သွယ်ပြီး ရယူနိုင်ပါတယ်။
“ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်လိုတဲ့အတွက် အားလုံးပါဝင် တက်ရောက်ပေးကြဖို့လည်း လေးလေး စားစား ဖိတ်ခေါ်အပ်ပါတယ်။ လုံခြုံရေးအသိ/သတိဖြင့်လည်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။” လို့ ဝန်ကြီးဌာနက အသိပေးဖော်ပြထားပါတယ်။
တက်ရောက်လာသူတွေကို ဂုဏ်ပြုလက်ဆောင်တွေ ချီးမြှင့်မှာဖြစ်တဲ့အတွက် တက်ရောက်ပေးကြ ဖို့အတွက်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။