လူထုအာဏာတည်ဆောက်ပြီး လွတ်မြောက်ရေးအတွက် ဆက်လျှောက်ကြဖို့လှုံ့ဆော်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ဒီကနေ့ နေ့လယ်ပိုင်းက လောင်းလုံးမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။