ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ မီတာ မဆောင်တဲ့ နေအိမ်တွေကို မနေ့ကစပြီး လျှပ်စစ်ဌာန-EPC က မီတာဘောက်တွေ လိုက်ဖြုတ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် မီတာခ မဆောင်တဲ့ အိမ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရပ်ကွက်အလိုက် မီတာခ ကျသင့်ငွေ စာရွက်တွေ လိုက်ပေးသွားတယ်လို့ ဆိုပါတယ်။
မနေ့ကစပြီး မီတာခ ကျသင့်ငွေ လာမဆောင်တဲ့ အိမ်တွေကို ရပပ်ကွက်အလိုက် မီတာဘောက်နဲ့ မီးကြိုးတွေ လိုက်ဖြုတ်နေတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“တမင်ကို မပေးကြတာလေ။ ကျည်ဖိုးကိုတော့ ပေးမနေတော့ဘူး။ လာဖြတ်လည်း ဖြတ်ပါစေတော့” လို့ သူကရှင်းပြပါတယ်။
မနေ့ကတော့ မီတာခ ၁၀ သိန်း အထက် ကျသင့်နေတဲ့ မီတာဘောက်တွေ EPC ၀န်ထမ်းတွေ ဖြုတ်နေပြီး ဒီနေ့မှာတော့ ရပ်ကွက် အလိုက် မီတာဘောက်တွေနဲ့ မီးကြိုးတွေ လိုက်လံ ဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။