ကရင်နီပြည်နယ်၊ မြို့တော် လွိုင်ကော်မြို့ရှိ တရားရုံးတွင် တပ်စွဲထားသော စစ်တပ်ကို ကရင်နီတော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး တရားရုံးကိုပါ မီးရှို့ရှင်းလင်းလိုက်ကြောင်း ကရင်နီ ရှေ့တန်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
“တရားရုံးမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို ဝင်တိုက်ပြီး တရားရုံးကို မီးရှို့လိုက်တယ်။ အခု မနက် ၁၀ နာရီ လောက်မှာ တရားရုံးမီးလောင်သွားပြီ။ တိုက်ပွဲကတော့ အဲဒီအစောပိုင်းမှာဖြစ်တာ။ တရားရုံးစောင့် စစ်ခွေးတွေတော့ ပြေးတဲ့သူ ပြေး သေတဲ့သူသေပဲ။ တရားရုံးတော့ ရသွားပြီ” ဟု ကရင်နီရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးတပ်များက စစ်တပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကိုလည်း အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။