လွိုင်ကော်မြို့ အဝင်အထွက်လမ်းပိုင်းအချို့ကို ယနေ့မှစ၍ ခေတ္တပိတ်မည်ဖြစ်ကြောင်း ကရင်နီတပ်ပေါင်းစုကထုတ်ပြန်
သည်။
၁၁၁၁ စစ်ဆင်ရေးမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ကိစ္စရပ်များ အပါအဝင် လုံခြုံရေးအရ လွိုင်ကော်-ဒီးမော့ဆို ကုန်စည်စီးဆင်းနေသည့် အမှတ်(၂)ဂိတ်၊ပန်ကန်းဂိတ်လမ်းပိုင်းများကို ဧပြီ ၁၀ ရက်မှ ၃၀ ရက်နေ့အထိ ယာယီပိတ်ဆို့မည်ဟု အသိပေးသည်။
“လမ်းပိတ်တာတော့ တနေ့က(ဧပြီ ၈ ရက်)နေ့က တည်းက သိရတယ်။ဘာကြောင့်လည်းတော့ မပြောတက်သေးဘူး”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ပြောသည်။
ယခု ထုတ်ပြန်ချက်ကို လွိုင်ကော်မြို့ခံ ကျေးရွာ၊အုပ်စု များမှ ပြည်သူလူထုအနေဖြင့် လိုက်နာပေးရန်လည်း ကရင်နီတပ်ပေါင်းစုက မေတ္တာရပ်ခံသည်။
“တိုက်ပွဲကတော့ လွိုင်ကော်မှာ နေ့စဥ်လိုလို ရှိနေဆဲပဲ။ ကျန်တဲ့ စစ်ရေးအခြေအနေကတော့ လောလောဆယ် ပြောမရသေးဘူး”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။
ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်ခဲ့သော ကရင်နီ ပြည်နယ် ၁၁၁၁ စစ်ဆင်ရေး တွင် မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် ထားကြောင်း KNDF က မတ်လ နောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။
ထို့အတူ လွိုင်ကော်၊ဒီးမော့ဆို ၊ဖားဆောင်း၊ဖရူဆို၊ဘောလခဲ၊ဖယ်ခုံ၊မယ်စဲ့ နှင့်ရှားတော မြို့များရှိ စစ်ကောင်စီတပ်စခန်း၊စခန်းကုန်း ၆၅ ခုကို သိမ်း ပိုက်ထားကြောင်း သိရသည်။