ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ လွိုင်ကော်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် LOIKAW LOCAL PDF)ALPHA (4) Stevin (ခ) ဥက္ကာအောင်ရဲ့ ဈာပန အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်အကျဉ်းထောင်တိုက်ပွဲမှာ ကျဆုံးခဲ့ တာဖြစ်ပြီး ဈာပနအခမ်းအနားကို လွိုင်ကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် LOIKAW LOCAL PDF က ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။