ကရင်နီပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေများအရ ” လွိုင်ကော် – ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ နဲ့ လွိုင်ကော်- ဆီဆိုင် ” လမ်းမကြီးတွေကို အသွားအလာမပြုလုပ်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အခုဖော်ပြထားတဲ့ လမ်းပိုင်းနေရာတွေအနီးတစ်ဝိုက်မှာ နိုဝင်ဘာလ (၁၁)ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် အများပြည်သူများအနေနဲ့ ခရီးသွားလာခြင်း နဲ့ နေအိမ်ပြင်ပထွက် သွားလာခြင်းတွေကို မလိုအပ်ရင် မပြုလုပ်ကြဘဲ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြပါဖို့ အထူးတိုက်တွန်းတယ်လို့ KNDF က ဆိုပါတယ်။
ဒါ့ပြင် စစ်ရေးသတင်းတွေကိုလဲ မလိုအပ်သေးပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားထုတ်ပြန်ခြင်းတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပြီး စစ်ဆင်ရေးတွေ ပြီးပြတ်မှသာ မိဘပြည်သူတွေကို အသိပေးထုတ်ပြန်ပေးသွားမယ်လို့ KNDF က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။