ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် သီရိလမ်းပေါ် သီရိ (၅) လမ်းထိပ်ရှိ David Store Shop ရှေ့မှာ အိမ်စီးကား Probox နဲ့ ရဲ ၅ယောက်က လူငယ်အမျိုးသား ၂ ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ဘာလို့ ဖမ်းတာလဲတော့ သေချာ မသိဘူး။ သူတို့လာပြီးဖမ်းသွားတာပဲ မြင်လိုက်တယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇူလိုင် ၁၈ ရက် နေ့လယ် ၂ ခွဲကျော်ကလည်း A1 ဆေးဆိုင်တိုက်မှာ နေထိုင်တဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတစ် ယောက်ကို လာရောက်ဖမ်းဆီးသွားရာ လက်ထိပ်ခတ်တာတော့ မတွေ့ဘူးလို့ ရပ်ကွက် နေပြည်သူတွေက ပြောပါတယ်။
မနက်ဖြန် ကျရောက်မယ့် အာဇာနည်နေ့ ကျင်းပဖို့အတွက် စစ်တပ်က မြို့နယ်တိုင်းမှာ လုံခြုံရေးအတွက် ကင်းလှည့်နေသလို လမ်းသွားလမ်းလာတွေရဲ့ အိတ်နဲ့ ဖုန်းစစ်ဆေးတာတွေ လုပ်နေ တယ်လို့ သိရပါတယ်။