ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနဲ့ လူငယ်များ သမဂ္ဂတို့ ပူးပေါင်းပြီး အကျင့်ပျက် ခြစားနေတဲ့ စစ်ကောင်စီ လက်အောက်ခံ လှိုင်သာယာမြို့နယ် တရားရုံးရှေ့မှာ Failed Law strike လှုပ်ရှားမှု ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Failed Law campaign ဟာ ရက်အကန့်အသတ် မရှိဘဲ တိုင်းပြည်ရဲ့ တရားရေးစနစ် ယိုယွင်းပျက်စီးနေသမျှ ကာလပတ်လုံး တည်ရှိနေမှာဖြစ်ပြီး ပြည်သူများ တော်လှန်ရေးမှာ ပိုမိုအားစိုက် ပါဝင်ကြဖို့ ကျောင်းသား၊ လူငယ်သမဂ္ဂမှ တောင်းဆိုထားပါတယ်။