စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊ရွာသာကြီးရွာသို့ရောက်နေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ခြေလျင် စစ်ကြောင်း ထိုးပြီး သမားရိုးရွာသို့ ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုး သမီး ၄ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရ သည်။
အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် သမားရိုး ကျေး ရွာမှ ဒေသပြည်သူ များမှာ ပြည်သူများ ဖြစ်ကြပြီး သမားရိုးရွာမှ ဒေါ်နှင်းလှိုင် (အသက် ၅၀ နှစ်) ၊ ဒေါ်အေးနုဝင်း (အသက် ၄၀ နှစ်)၊ မမွေလီ (အသက် ၄၀ နှစ်) ၊ ဦးဖိုးလွင် (အသက် ၅၀နှစ်) ၊ ဦးသိန်းလှိုင် (အသက် ၆၀နှစ်)၊ ကူတိုး ကိုင်း ရွာမှ ဒေါ်ဖြူ (အသက် ၄၀ နှစ်)၊ ရွှေပန်းကုန်းရွာမှ ကိုဝေမိုး (အသက် ၃၀ နှစ်) တို့ ဖြစ်ကြကြောင်း Wetlet Informational Network မှ တာဝန်ရှိသူမှပြောကြားသည်။
“၇ လပိုင်း ၅ ရက်နေ့က ဝက်လက်မြို့နယ် ရွာသာကြီး အထိုင်စခန်းကို ဝင်လာ တယ်ဗျ။ ကား ၃ စီးနဲ့ ဝင်လာတာ ။ ဝင်လာတဲ့တစ်လျှောက်လက်နက်နဲ့ ပစ်ပြီး ဝင်သွားတာ။ ဒီနေ့မနက် ၄ နာရီလောက်ကျတော့ စစ်တပ်က အနောက်ဘက် ကို ခြေလျင်စစ်ကြောင်းထိုးတယ်ဗျ။ သူတို့ထိုးတာ ဘယ်သူမှလည်း မသိဘူး။ ဒီတိုင်းပဲ သွားရင်းလာရင်း ရမ်းသမ်းပစ်တာ ရမ်းသမ်းပစ်ရာကနေမှ ဈေးဝယ်တဲ့ ပြည်သူတွေ မှန်တာပဲဗျ” ဟု Wetlet Informational Network မှ တာဝန်ရှိ သူက ပြောပြသည်။
အကြမ်းဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းသည် အရာတော်မြို့နယ်ဘက်သို့ ကူးသွားပြီး ကူးတိုးကိုင်းရွာသို့ ရောက်ကာ ကူးတိုးကိုင်းရွာရှိ ပြည်သူ့နေအိမ် ၁လုံးကို မီးရှို့၍ အနောက်ဘက်သို့ ဆက်၍ စစ်ကြောင်းထိုးကာ မကျီးစောက်ရွာ အနောက်ဘက်မှ နေ၍ လက်နက်ကြီးများဖြင့် ငါးရဟိုးရွာသို့ ပစ်ခတ်နေကြာင်း ဒေသပြည်သူများထံမှသိရှိရသည်။