ဝက်လက်မြို့နယ်တွင် ဗကသ ကျောင်းသားများက ယနေ့ ဇွန်လ ၂၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ကာ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ” မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှဒူးမထောက်ဘူး” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။