စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ အမှတ်(၃)ဗျူဟာလမ်းခေါ် စစ်ကိုင်း – ဝက်လက် – ကျောက်မြောင်း လမ်းပေါ်က ရွှေညောင်တောင်ဘုရားပေါ်မှာ စစ်အုပ်စုက မိုင်းတွေ ထောင်ထားခဲ့လို့ ဒေသခံပြည်သူတွေ ဘုရားပေါ် အသွားအလာ မလုပ်ကြဖို့ ပြည်သူအချင်းချင်း သတိပေးနေပါတယ်။
ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ ဒီနေ့ ဇူလိုင်(၄)ရက် မနက်ပိုင်းမှာ ရွာသာရွာက တဆင့် ရွှေကျင်ကျေးရွာရဲ့ အရှေ့ဘက်က ရွှေညောင်တော်ဘုရားပေါ် ရောက်ရှိလာပြီး ဘုရားရင်ပြင်မှာ မိုင်းတွေ ထောင်ခဲ့တာလို့ ဆိုပါတယ်။
“ဝက်လက်မြို့နယ် အရှေ့ခြမ်း ရွှေညောင်တော်ဘုရားပေါ်တွင် ခွေးများ တပ်ဆင်ထားသော မိုင်းများ တွေရှိ ထားပါသဖြင့် ပြည်သူများအနေဖြင့် ရွှေညောင်တော် ဘုရားပေါ်သို့ တာဝန်ရှိသူများမှ အပ သွားလာခြင်းများ မပြုလုပ်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ နယ်မြေခံ ဒေသကာကွယ်ရေး အဖွဲ့မျာ ရွာထဲ ရှင်းလင်းရေး လုပ်ပြီမှသာ ရွာထဲ ဝင်ကြပါရန် နှိုးဆော်အပ်ပါသည်” လို့ ဝက်လက်နယ် မြေပြင်ကင်းထောက် Wetlet Informational Network က ဖော်ပြပါတယ်။
ဘုရားရင်ပြင်ပေါ် မိုင်းထောင်ပြီး ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စ်စအုပ်စုဟာ ဒီနေ့လည်ပိုင်းမှာတော့ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ဝက်လက်မြို့နယ် အရှေ့ခြမ်း မင်းရွာတောင်ရွာ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ သံခွန်(တွဲတွန်း)သင်္ဘောနဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ပြီး မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွာသာယာရွာဘက် ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ဝက်လက်နယ် အရှေ့ခြမ်း ကျေးရွာတွေက ပြည်သူတွေ စစ်ပြေးနေရပါတယ်။