ဝက်လက်မြို့နယ်တွင် ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြည်သူများနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြို လူထုလှုပ်ရှားမှုအဖြစ် “ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” စာသားကိုင်ဆောင်ဆောင်ကာ သပိတ်မှောက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။