စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ နေအိမ် များမီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ များကို ဆန်၊ဆီ၊ ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့တာဝန်ခံ ကိုကေဂျေ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဇွန်လ ၉ ရက် နေ့တွင် ဝက်လက်မြို့နယ်နှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ ပြည်သူ ၂၀၀ ခန့်ကို ပြည်တွင်းပြည်ပအလှူရှင်များ၏ ဝိုင်းဝန်းထောက်ပံ့ကူညီမှုဖြင့် ပေးပို့လှူဒါန်းခဲ့ဖြစ်ပြီး စစ် ဘေးရှောင်နေရသည့် ပြည်သူ သောင်းဂဏန်းရှိကြောင်း၊ ယင်းသောင်းဂဏန်းအတွင်းမှ တစိတ်တပိုင်း သာထောက်ပံ့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။