စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂမှ (ဗကသ) များအဖွဲ့ချုပ်က ကျောင်းသားရဲဘော်များ ဦးဆောင်ပြီး ဝက်လက်ဒေသအနှံ အခြေခံပညာကျောင်းသားသမဂ္ဂများ အဆက်မပြတ် ဖွဲ့စည်း နေတယ်လို့ Wetlet Township Student’s Union – ABFSU က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ)များ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်က ပညာရေးအဆင့် အတန်း မြင့်မားစေရေးနဲ့ ပညာရေးမှာ ကျောင်းသားထုများ ပါဝင်စေရေးတို့အတွက် ဖွဲ့စည်း ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်များက အခြေခံပညာ အထက်တန်းကျောင်းများသို့ လိုက်လံဟောပြောစည်းရုံးပြီး သမဂ္ဂဖွဲ့စည်းရေးနဲ့ ပညာရေးလုပ်ငန်းစဥ်များကို တစိုက်မတ် မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဗကသများအဖွဲ့ချုပ်မှ အခြေခံပညာကျောင်းထုရဲ့ အသံကို နားထောင်ပြီး ကြားကာလ ပညာရေးလုပ်ငန်းစဥ်များကို ကျောင်းသား၊ ဆရာ နှင့် ရပ်မိရပ်ဖဖြစ်တဲ့ မိဘ ပြည်သူတို့နဲ့ အတူ ပူးပေါင်း အကောင်အထည်ဖော်နေတယ်လို့ ဖော်ပြထားပါတယ်။