စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင်ပြည်သူများကို အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာ ဝန်ခံက ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက် နေ့တွင် ဝက်လက်မြို့နယ်အတွင်းရှိ ထန်းကြီးရွာ၊ ကျောင်းဖြူရွာနှင့် ပဲ့သူကြီးရွာမှ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ကျော်ကို အရေးပေါ်စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ အသားတု၊ ယမ်ယမ်ခေါက်ဆွဲခြောက်များနှင့် ရှုးရှဲလက်ဖက် စသည်တို့ကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ထောက်ပံကူညီဖြင့် သွားရောက်လှူ ဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသွားရောက်လှူဒါန်းမှုကို ဘေးအန္တရာယ်ကင်းရှင်းစေရန် နန်းတက်မင်းတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များက လုံခြုံရေးလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။