စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များ၌ အထိုင်ချ တပ်စွဲထား သော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၂ မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စာသင် ကျောင်းနှင့် စာသင်ကျောင်းဘေးရှိ နေအိမ်များတွင် မီးရထားသံလမ်းပြုပြင်ရန် လုံခြုံရေး အစောင့်အဖြစ် ရောက်ရှိတပ်စွဲနေထိုင်သော အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၀ ခန့် ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံး မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ခွေးသေထိခိုက်မှုတော့ အတိအကျ သတင်းမရသေးပါဘူး၊ ပြည်သူကို တိကျသေချာမှပဲ တင်ပြချင်တာ ပါ၊ပြန်လည်တုန့်ပစ်ခတ်တာမျိုးမရှိဘူး။ အပြင်ကိုလည်း ထွက်လာတာမျိုးမရှိဘူး။ ဒရုန်းနဲ့ ချခဲ့တာဆို တော့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။တပ်စွဲထားတာ ထက် ရထားသံလမ်း လုံခြုံရေးအတွက်အစောင့်သဘောမျိုးရောက်ရှိနေတာပါ” ဟု စစ်ကိုင်းခရိုင် တပ် ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂ ၊ ပဒူတိုက်နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။