စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲရွာ၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ် သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးဒဏ်ရာရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ပြောကြားသည်။
အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲရွာ၌ ကင်း ပုန်းဝပ်ကာ ရထားသံလမ်းပြုပြင်မှုကို လုံခြုံရေးစောင့်ပေးနေသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး၊ ရော့ကတ်ဖြင့် ၈ လုံး ၅ ရက်ကြာ ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးဒဏ်ရာရရှိခဲ့ပြီး Mi 35 ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့လာကာ သယ်ဆောင်သွားကြောင်း သိရသည်။
“ရထားသံလမ်းပြင်ရင်း ကာကင်းအနေနဲ့ ရွာကို ဝင်ပြီး တပ်စွဲတာ၊ လက်နက်မပြည့်စုံတော့ ရှိတာနဲ့ တိုက်ထုတ်ခဲ့တာပါ၊ မနေ့က တပ်ပြန်ဆုတ်သွားပြီ၊ ဒဏ်ရာရတဲ့သူတွေကို Mi 35 နဲ့ရိက္ခာပို့ရင်း တခါး တည်းတင်သွားတယ်၊ ကျနော်တို့ဘက်က ဒရုန်းတွေနဲ့ချ၊ ရော့ကတ်တွေနဲ့ ပစ်တော့ ငါးကြင်းမြီးနဲ့ ပြန် ပစ်တာရှိတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ နယ်စည်းမခြားဗိုလ်ပျံလွှားအဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။