စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ တောင်ဘို့လှရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၆ ဦး သေဆုံး ကာ ဝန်သိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ဝန်းသို ပကဖ)တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။
ယမန်နေ့ မေလ ၁၁ ရက်နေ့က ဝန်းသိုမြို့မှ အကြမ်းဖက်စစ် ကြောင်းသည် တောင်ဘို့လှကျေးရွာအတွင်း သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဝန်းသို ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပစ် ခတ်သတ်ဖြတ်ခံရကာ ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ် လက်လုပ် ၆၀ မမ၊ ၈၀ မမများဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ ၁ နာရီနီးပါး တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ၁၀၀ ကျော်လောက်ရှိမယ်၊ ကျဆုံးရဲဘော်က ရွာကို စဝင်ချိန်မှာကတည်းက ဖမ်းခံရ တာလို့ သိရတယ်၊ အသေးစိတ်တော့ မသိရသေးဘူး၊ ရွာတွေလှည့်ပြီး စစ်ကြောင်းထိုးနေတာ တိုက်ပွဲက တော့တစ်ကြိမ်ပဲဖြစ်တယ်၊ မီးရှို့ခံရတာရှိပေမယ့်အသေးစိတ် မသိရသေးဘူး၊ ဒီမနက်ခင်း ပြန်ဝင်သွား ပေမယ့် ညနေ ၆ နာရီခွဲလောက်မှာ စော်ဘွားကန်ဘက်ကို ပြန်ထွက်လာတယ်လို့ သိရတယ်၊” ဟု Kawlin Revolution -KR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဝန်းသို့မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဝန်းသို ပကဖ )၊ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ကောလင်း ပကဖ)နှင့် The Secret Warrior Kawlin တပ်ဖွဲ့တို့ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်းဖက် စစ် ကြောင်းသည် ယနေ့ မေလ ၁၂ ရက်နေ့တွင် ဝန်းသိုမြို့တပ်အတွင်း သို့ ပြန်လည် ဝင်ရောက်သွား ကြောင်း သိရသည်။