စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေကြောင်း Kawlin Revolution-KR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ဝန်းသိုမြို့ အခြေစိုက် အကြမ်း ဖက် စစ်တပ်၏ ခမရ ၁၂၀ တပ်ရင်းက ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို ပစ်ခတ် ဝင်ရောက်လာပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက် ဆီး လျက်ရှိကြောင်း သိရသည်။
” ပြည်သူတွေ ထိခိုက်မှု ရှိ ၊ မရှိတော့ မသိရသေးဘူး။ စစ်ခွေးတွေရွာထဲမှာ မီးစရှို့နေပြီး မီးညွှန့်စတက်လာတာပဲ မြင်နေရတုန်းပါ” ဟု Kawlin Revolution-KR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။