မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ဆင့် ကို Wundwin Township Revolution Force မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းကို ကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး တင်ဆင့် သည် အုပ်ချုပ်ရေးမှူး ရာထူးကို လုပ်ကိုင်လိုသူ မရှိသောကြောင့် ဆက်လက် လုပ်ဆောင်နေရကြောင်း အကြောင်းပြကာ နောက်ကွယ်မှ တော်လှန်ရေး ဘက်တော် သားများနှင့် မိသားစုဝင်များကို စုံစမ်းပြီး သတင်းပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဒီကောင်က အခု အလှူချိန်မှာ ဆောင်းဘောက်တို့ စက်တို့ရွာတွေဘက် အငှါးလိုက်စားရင် ခင်ကြီးရွာ အလှူတစ်ခုမှာ ရောက်နေတာ ခုညနေ အဲ့အလှူအလှည့်ချိန်မှာ လူရှင်းတဲ့နေရာမှာ ခေါင်းကို ၂ ချက်ပစ်ခဲ့တာ ချက်ချင်းသေပါတယ်” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။