အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကချင်၊ကယားနှင့်ချင်းတိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID တို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြကြောင်း သိရှိရသည်။
ထိုတွေ့ဆုံပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များမှ ကချင် အဖွဲအစည်းကိုယ်စား M Tu Aung, Chin Community of USA, Inc. – D.C Area ၊ Zomi Federal Union/PDF-Zoland အဖွဲ့အစည်းများ ကိုယ်စား Pu Dong Khan Khup၊ ကယားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း၊ ထိုအစည်းအဝေးတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏အခြေအနေ အရပ်ရပ်နှင့် Humanitarian aid ပေးရန်ကိစ္စ၊ NDAA ကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။