ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခဇူးရွာနှင့် တဘတ်ယန်တွင် တိုက်ပွဲဖြစ် ပွား ခြင်း မရှိဘဲ စစ်တပ်က ယနေ့ မွန်းလွဲပိုင်း ဗုံးကျဲချကြောင်း KIA သတင်း ရင်းမြစ် နှင့်ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ၊ ၀ိုင်းမော်မြို့ နယ်၊ ခဇူးကျေးရွာနှင့် တဘတ်ယန်တွင် တိုက် လေ ယာဉ် ၂ စီးဖြင့် စစ်ကောင်စီ တပ်က ဗုံးကျဲချသွားကြောင်း၊ လတ်တလော အထိအခိုက် အပျက် အစီး အခြေ အနေ မသိရှိရသေးကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်မှာ ဝိုင်းမော် မြို့နယ် ခဇူး ကျေးရွာ နဲ့ တဘတ်ယန် မှာ ဂျက်ဖိုက်တာ ၂စီးဖြင့်လာရောက်ဗုံးကျဲသွားပါတယ်။ တိုက် ပွဲဖြစ်ပွားခြင်း မရှိပါဘူး။ ထိခိုက်မှုအခြေ အနေမသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
သို့ရာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာအနီးတွင် တိုက်ပွဲ တစ်နေကုန်ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်တပ်များကို KIA နှင့် PDF ပူးပေါင်းတပ်များက ၀ိုင်းပန်းပိတ်ဆို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
” မနေ့ တစ်နေကုန် မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ဝိုင်းမော် မြို့နယ် ရွှေညောင်ပင် ရွာတစ်ဝိုက်တိုက်ပွဲပြင်းထန်ခဲ့တယ်။ စကစ စစ်တပ်နဲ့ ဦးရွှေမင်း ပြည့သူ့စစ် ပူပေါင်းအဖွဲ့တွေ လှုပ်ရှားလာလို့ KIA+KPDF ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန့်းပိတ်စို့ တိုက်ခိုက်ခဲ့တာ။ .ဦရွှေမင်း ပြည်သူ့စစ်တပ်ဖွဲ့တွေတော်တော် များ များ အထိနာသွားကြတယ်။ လူနာနဲ့ အလောင်းတွေကိုကား ၃ စီးနဲ့ ဝိုင်းမော် ဘက်သယ်သွားတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်က စတင်ကာ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာတွင် KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။
” အခု ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က စပြီး အခုအချိန်ထိ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ကျေးရွာမှာ KIA+PDF နဲ့ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။ လေယာဥ်နဲ့ ဗုံးကျဲတာတော့ မရှိသေးဘူး။ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေလည်း အတည်မပြုနိုင်သေးဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။