ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုန်းလမ်း လန်နာ့ခ ရေတံခွန်နှင့် အင်ဝမ်းယန်ကြားတွင် စစ်ကောင်စီတပ်နှင့် KIA တို့ ယနေ့ နံနက် ၉ နာရီကျော်အချိန်ခန့်၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများကာ ညနေပိုင်းတွင် လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ညနေ ၄ နာရီကျော်အချိန်တွင် မြစ်ကြီးနားမြို့ဘက်မှ တက်လာသည့် တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တခါတရံတိုက်ပွဲဖြစ်ပွားတတ်ပြီး ပြင်းထန်သည့် တိုက်ပွဲများလည်း ရှိခဲ့သည်။