ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ခါးရှိနှင့် စန်းကားကျေးရွာကို ယနေ့(ဇွန်လ ၁၇ရက်) ညနေ ၅နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်သွားသည်။
“ဟတ်စကီးနဲ့ အပေါ်ကနေ ပစ်တာ။ မအေပေးတွေက အရပ်သားတွေရှိတဲ့နေရာကိုပစ်နေတာ အတိုင်းသားမြင်နေရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
ခါးရှိရွာသည် ဝိုင်းမော်မြို့နှင့် (၃)မိုင်ခန်၊ စန်းကားရွာမှာ (၅)မ်ိုင်ခန့်သာ ဝေးသည်။ လေကြောင်းတိုက်ခိုက်မှုကို မြို့ပေါ်မှမြင်နေရသည်ဟု ဒေသခံများက ဆိုသည်။ ထိခိုက်မှုကိုမသိရှိရသေးပေ။
” အောက်က်ုအရမ်းမဆင်းဘူး။ အမြင့်ကြီးကနေပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဝိုင်းမော်မြို့ရှိ ခလရ(၅၈)နှင့်မုတ်လွဲရာလမ်းဆုံမှနေ၍ လက်နက်ကြီးများလည်း မကြာခဏပစ်ခတ်နေကြောင်းဒေသခံများကပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စခန်းအများအပြား တိုက်ခိုက်သိမ်းပိုက်ထားသည့်ဝိုင်းမော်မြို့တွင် တပ်ရင်းအနေဖြင့် ခလရ(၅၈)သာ ကျန်ရှိတော့သည်။
စစ်ကောင်စီက ခလရ(၅၈)ပတ်ဝန်းကျင်၌ ကာကင်းအများအပြားချထားသည်။ မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုတ်လွဲရာလမ်းဆုံ၌ အင်အား ၁၀၀ခန့်တပ်ဆွဲထားပြီး လက်နက်ကြီးတပ်ဆင်ထားသည်။
ဝိုင်းမော်မြို့တွင် ဇွန်လ၁၀ရက်က စစ်ကောင်စီက လက်နက်ကြီး၊ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။ လမြန်ရွာခရစ်ယာန်ဘုရားကျောင်းလည်းပ်ြိုကျပျက်စီးသွားခဲ့သည်။
ယင်းမတိုင်ခင်မေလအတွင်းက စစ်ကောင်စီလက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦးသေဆုံးခဲ့သည်။