ဝေဟင်ကိုထိန်း မြေပြင်သိမ်း ဆိုတာ ဘာလဲ
ဝေဟင်ကိုထိန်း မြေပြင်သိမ်း ဆိုတာ လက်ရှိစစ်မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို ဒရုန်းတပ်ဆင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ PNLA ရဲ့ ပထမဆုံး ကမ်ပိန်းဖြစ်ပါတယ်။
ကမ်းပိန်းကို ဘယ်လိုလုပ်သလဲ
ကမ်ပိန်းကို မဲလက်မှတ်ရောင်းချပြီးပြုလုပ်နေတာပါတယ်။ ပြည်တွင်းပြည်ပမှ မည်သူမဆို အလွယ်တကူဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။
ကမ်ပိန်းကာလ ကမ်ပိန်းပမာဏ ဘယ်လောက်လဲ ၊ ကမ်ပိန်းက ရရှိလာတဲ့ငွေကို ဘယ်လိုအသုံးပြုမှာလဲ
ကမ်းပိန်းကာလက ဇွန်လ ၄ ရက်ကနေ ဇူလိုင်လ ၇ ရက်နေ့အထိ တလ ဖြစ်ပါတယ်။ ကမ်ပိန်း ပမာဏက သိန်းခြောက်ထောင်ဖြစ်ပါတယ်။ ကမ်ပိန်းက ရရှိလာတဲ့ ငွေတွေအားလုံးကို ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းတပ်ဆင်တဲ့နေရာမှာသာ ပြန်လည်အသုံးပြုမှာဖြစ်ပါတယ်။
ဆုမဲတွေကကော ဘာတွေလဲ
ဆုမဲတွေကတော့ ပထမဆု – တောင်ကြီးမြို့က ပေ ၄၀ – ၆၀ မြေကွက် ၊ ဒုတိယဆု – ရွှေ ၁ ကျပ် ၊ တတိယဆု – လက်တောပ့်ကွန်ပျူတာ ၁ လုံး ၊ အထူးဆု ၃ ဆု – ပန်းချီကား ၃ ချပ် ၊ နှစ်သိမ့်ဆု ၈ စု – ပအိုဝ်းရိုးရာ ဝတ်စုံ ၈ စုံဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ သတင်းတွေ လှုပ်ရှားမှုတွေကို သတင်းမီဒီယာတွေပေါ်မှာ ရှာဖွေ ဖတ်ရှုနိုင်သလို PNLA News & Information Department ဆိုတဲ့ လူမှုကွန်ယက် စာမျက်နှာနဲ့ https://t.me/PNLANews မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။