မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တိုင်းမှူး လမ်းကြောင်းရှိချိန် အမြောက်တပ် ၄၀၂ စခန်းကို ဒရုန်း ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဘက် အရာရှိကြီးတစ်ဦး ထိမှန်ပြီး လက်နက်ကြီးတင်စစ်ကား တစ်စီးပျက်စီးကြောင်း သထုံမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် သထုံမြို့ အမြောက်တပ် ၄၀၂ တပ်စခန်းကို တိုင်းမှူးလမ်းကြောင်းရှိချိန် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဘီးလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၂ အသုံးပြု၍ တိုက်ခိုက်ခဲ်ကြောင်း၊ အဆိုပါစစ်ဆင်ရေးတွင် သထုံ ပကဖ ပိုင် ဒရုန်း ၂ စီး ပျက်ကျခဲ့ကြောင်း သိရှိရသည်။
“သိရတာက ခွေးအကောင်ကြီးတစ်ကောင်ထိထားတယ်။ လက်နက်ကြီး တင်ထားတဲ့ ကားပျက်စီးတယ်လို့ သိရတယ်” ဟု သထုံမြို့နယ် ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။